MG ဆိုသည်မှာ အွန်လိုင်းဂိမ်းအမျိုးအစား တစ်ခုဖြစ်ပြီး သူ၏ နာမည် အရှည်ကောက်မှာ “Microgaming” ဟု ခေါ်သည်။
Micro ဆိုသည့် (သေးငယ်သော) စကားလုံးနှင့် gaming (ဂိမ်းကစားခြင်း) ဆိုသည့် စကားလုံးနှစ်ခုကို ပေါင်းစပ်ထားခြင်းဖြစ်သည်။
Microgaming အကြောင်း
Microgaming သည် အွန်လိုင်းဂိမ်းလောကတွင် ပထမဆုံးသော ကုမ္ပဏီများထဲမှ တစ်ခုဖြစ်ပြီး၊ ၎င်း၏ဂိမ်းများသည် ကမ္ဘာတစ်ဝှမ်းရှိ ကစားသူများအတွက် စိတ်ဝင်စားဖွယ် အတွေ့အကြုံများကို ပေးစွမ်းလျက်ရှိသည်။
Microgaming မှ ထွက်ရှိသော ဂိမ်းများသည် အရည်အသွေးမြင့်မားပြီး၊ ရောင်စုံ graphics များဖြင့် ဖန်တီးထားသည်။
ထို့အပြင် မိုဘိုင်းလ်ဖုန်းများနှင့် ကစားနိုင်ရန် ထုတ်လုပ်ထားသည့်အတွက် မိုဘိုင်းလ်ဖုန်းနှင့်ကစားသူများအနေဖြင့်လည်း Microgaming မှထွက်ရှိသော ဂိမ်းများကို ကစားကြည့်ရန် သင့်တော်သည်။
အဆိုပါ ယင်းကုမ္ပဏီသည် နိုင်ငံတကာမှ အသိအမှတ်ပြု လိုင်စင်များလည်း ရရှိထားပြီး လုံခြုံစိတ်ချရဆုံး ဂိမ်းကုမ္ပဏီတစ်ခုလည်းဖြစ်သည်။
Microgaming သမိုင်း (သို့မဟုတ်) Microgaming ပေါ်ပေါက်လာပုံ
Microgaming သည် Isle of Man အခြေစိုက် ပုဂ္ဂလိကပိုင် လောင်းကစားဆော့ဝဲလ်ကုမ္ပဏီတစ်ခုအဖြစ်ပေါ်ပေါက်လာသည်။
၎င်းကုမ္ပဏီသည် ၁၉၉၄ ခုနှစ်တွင် အွန်လိုင်းဂိမ်းများကို ပထမဆုံးတီထွင်နိုင်ခဲ့သည်။
(၂၀၀၃) ခုနှစ်တွင် ပထမဆုံးသော ပရိုဂရမ်ဖြစ်သည့် jackpot ကို စတင် ထုတ်လုပ်ခဲ့ပြီး (၂၀၀၉) ခုနှစ် မေလတွင် Microgaming ၏ ထုတ်ကုန်ဖြစ်သော slot Mega Moolah အမည်ရှိ ဂိမ်းသည် အကြီးဆုံး အွန်လိုင်းကာစီနို ငွေပေးချေမှု အမြင့်မားဆုံးဖြစ်ခဲ့ပြီး (၂၀၁၅) ခုနှစ် အော
က်တိုဘာလ (၆) ရက်နေ့မှာတော့ ဂင်းနစ်ကမ္ဘာ့စံချိန်သစ်တင်ခဲ့သည်။
(၂၀၁၆) ခုနှစ် မေလတွင် MG ကုမ္ပဏီသည် Oculus Rift နည်းပညာကို အသုံးပြု၍ Live ကာစီနို ဂိမ်းများကို စတင်ခဲ့ပါသည်။
Microgaming ၏ အဓိကထုတ်ကုန်များ
Microgaming သည် စလော့ဂိမ်းများကို အဓိကထုတ်လုပ်ခဲ့သည်။
ယင်းကုမ္ပဏီမှ ထွက်ရှိသော အဓိက ထုတ်ကုန်များမှာ “Mega Moolah”, “Immortal Romance”, “Thunderstruck II” စသည့် ဂိမ်းများထုတ်ခဲ့ပြီး လူကြိုက်များလာခဲ့သည်။
Virtual Reality (VR) casino games များလည်းစတင်ထုတ်လုပ်လာခဲ့ပြီး ၎င်း၏ တိုးတက်လှပသော 3D environment မြင်ကွင်းကို ရင်သပ်ရှုမောစွာ မြင်တွေ့နိုင်ခဲ့သည်။
ထို့နောက် WowPot Jackpot ကို ထုတ်လုပ်ခဲ့ပြီး ပိုမိုကြီးမားသော jackpot ထောင်ပေါင်းများစွာကိုလည်း MG က ပေးစွမ်းနိုင်ခဲ့သည်။