စလော့ ဆိုတာဘာလ

Table of Contents

စလော့ ( slot ) ဆိုတာဟာ ကာစီနိုဂိမ်း အမျိုးအစားတူထဲက တစ်မျိုးဖြစ်ပြီးတော့ စလော့စက် ( slot machine ) ဆိုတဲ့ အထိုင်စက်ကို အသုံးပြုပြီး ကစားရတဲ့ ဂိမ်းတစ်မျိုးဖြစ်သည်။
အထိုင်စက်၊ သစ်သီးစက်၊ ဖဲချပ်စက် စသည်ဖြင့် အမျိုးမျိုး ခေါ်ဝေါ် ကြပြီး ၎င်း၏ဖောက်သည်များအတွက် အခွင့်အလမ်းဖန်တီးပေးသည့် လောင်းကစားစက်ဖြစ်သည်။

အထိုင်စက် ကစားနည်း


အထိုင်စက်၏ စက်ပုံစံ အသွင်အပြင်မှာ ဂိမ်းစက်ကို စဖွင့်သော အခါ၌ စက်ပေါ်တွင် ခလုတ် သုံးခု (သို့မဟုတ်) ထိုထက်ပိုသော လှည့်ပတ်ပြသသည့် မျက်နှာပြင် ပါရှိသည်။
အထိုင်စက်များဟာ စက်လည်ပတ်မှု ကျပန်းနံပါတ်ဂျင်နရေတာများဖြင့် ကစားရပြီး တစ်နည်းအားဖြင့် သင့်ရဲ့ ကံကို အခြေခံပြီး ကံစမ်းရတဲ့ ကစားနည်း ဂိမ်းတစ်ခုဖြစ်သည်။
အထိုင်စက်များ၏ အောက်ခြေတွင် အကြွေ‌စေ့များ၊ ငွေစက္ကူများ၊ ဘောက်ချာ (သို့မဟုတ်) တိုကင် စသည်ဖြစ် ငွေပေးချေမှု ပုံစံကို အတည်ပြုသည့် ငွေကြေး ထည့်သွင်းကစားရတဲ့စက်တစ်ခုဖြစ်သည်။
ကျပန်းနံပါတ်ဂျင်နရေတာကို အခြေခံပြီး ကစားရတာဖြစ်သောကြောင့် တရားမျှတမှုရှိပြီး ကျပန်းနံပါတ် သုံးလုံး တူညီလျှင် အနိုင်ရရှိမည်ဖြစ်သည်။
သင်၏ အနိုင်ငွေများအား အထိုင်စက်၏ ခလုတ်ကို နှိပ်ပြီး အောက်ခြေရှိ စက်အံခွက်မှ ငွေများပြန်လည်ထုတ်ယူနိုင်ပါသည်။
အထိုင်စက်သည် ကစားရလွယ်ကူပြီး သင့်အား စိတ်ပျော်ရွှင်မှုပေးနိုင်သည့် အပြင် ကြီးမားသော ဆုလာဘ်များလည်း ရရှိနိုင်ခြေရှိသော ဂိမ်းတစ်ခုဖြစ်သည်။

 

အထိုင်စက် (ခေါ်) စလော့ machine  သမိုင်း

ယနေ့ခေတ် slot game များ၏ နည်းပညာများသည် ပိုမိုတိုးတက်လာသော်လည်း slot များ ဖြစ်ပေါ်လာခဲ့သည်မှာ လွန်ခဲ့သည့် ရာစုနှစ်တစ်ခုကျော်ကြာခဲ့ပြီဖြစ်သည်။
နယူးယောက်မြို့ ၊ ဘရွတ်ကလင်းရပ်ကွက်မှ နေထိုင်သော Sittman နှင့် Pitt အမည်ရှိသူတို့ နှစ်ဦးသည် နောင်လာမယ့် အနာဂါတ်စျေးကွက်ကို ကြိုတင်တွက်ချက်၍ 1891 ခုနှစ်တွင် လောင်းကစားစက်ကို တီထွင်ခဲ့သည်။
၎င်းစက်တွင် ကတ်ပုံစံ အချပ် (50) ပါရှိပြီး ဒရမ်ငါးချပ်ကျလျှင် အနိုင်ရရှိသော ဖဲချပ်ပုံစံကို အခြေခံထားပြီး ဤစက်သည်ပင် ရေပန်းစားလာခဲ့သည်။
သို့သော် ဖဲချပ်ဂိမ်းပုံစံသည် လွန်စွာ ရှုပ်‌ထွေးသည်။
ဤဖဲချပ်ပုံစံ ဂိမ်းစက်သည် အနိုင်ရရှိမှုများကို အလိုအလျောက် စက်မှတစ်ဆင့် ပေးချေရန် မဖန်တီးနိုင်ခဲ့ပေ။
1894 ခုနှစ်မှာတော့ အမေရီကန်နိုင်ငံ၊ ကယ်လီဖိုးနီးယားပြည်နယ်၊ ဆန်ဖရန်စစ္စကိုမြို့၌ Charles Fey ဆိုသူက အလိုအလျောက် ငွေပေးချေနိုင်သည့် စက်ဖြစ်တဲ့ လစ်ဘာတီခေါင်းလောင်းအမည်ခေါ် အထိုင်စက်ပုံစံကို ဖန်တီးနို

င်ခဲ့သည်။
1907 ခုနှစ်မှာတော့ Herbert Mills အမည်ရှိသူက အော်ပရေတာ ခေါင်းလောင်းဟု အမည်ပေးထားသော အထိုင်စက်ကို ဖန်တီးခဲ့ပြီး ပထမဆုံးသော သစ်သီးသင်္ကေတများပါဝင်လာတဲ့ စက်တစ်ခုဖြစ်လာခဲ့သည်။

 

ခေတ်နှင့်အညီ တိုးတက်ပြောင်းလဲလာပုံ

နောက်ပိုင်းတွင် slotစက်များသည် အချိန်ယန္တရားကြီး ပြောင်းလဲမှုနဲ့အတူ နည်းပညာအသစ်များလဲ အချိန်နှင့်တစ်ပြေးညီ ပုံစံအသစ်များသို့ ပြောင်းလဲလာနိုင်ခဲ့ပြီး လူကြိုက်များလာစေခဲ့သည်။
(1990 – 2000) ခုနှစ်နောက်ပိုင်းတွင် အင်တာနက်များထွန်းကားပေါ်ပေါက်လာမှုကြောင့် အွန်လိုင်းကာစီနိုတွင် slotဂိမ်းများ ပေါ်ပေါက်လာခဲ့သည်။
အချိန်တစ်ခုကြာလာသည့်နောက်မှာတော့ slot ဟာ ဘယ်တော့မှ မရိုးလာစေနိုင်သော ဂိမ်းအမျိုးအစားတစ်ခု ဖြစ်လာပြီး ယနေ့တွင် အွန်လိုင်းလောကတွင်ပါ ပိုမို ကျယ်ပြန့်လာပြီး လူငယ်များကြားထဲတွင် ရေပန်းစားလာခဲ့သည်။